
လာမည့်နှစ်လအတွင်း ရောင်းချပေးမည့် အူရီးဒူးမြန်မာကုမ္ပဏီမှ 3G မိုဘိုင်းဆင်းမ်ကတ်များကို ဖြန့်ဖြူးရောင်းချပေးရန် စီစဉ်နေရာ အချို့သောတန်ဖိုးနည်းမိုဘိုင်းဟန်းဆက်
များဖြင့် မသုံးစွဲရန် ကန့်သတ်မှုများရှိနေကြောင်း သတင်းရရှိသည်။
အူရီးဒူးမြန်မာကုမ္ပဏီမှ ရောင်းချမည့် မိုဘိုင်းဆင်းမ်ကတ်များရောင်းချပေးနိုင်မည့် လက်ကားမိုဘိုင်းဖုန်းဆိုင်ကြီးများသာ မက မြို့နယ်ရပ်ကွက်အတွင်းရှိ လက်လီဆိုင်များတွင်ပါ ဖြန့်ဖြူး ရောင်းချပေးရန်အတွက် ဈေးကွက်ရှာဖွေမှုများဆောင်ရွက်နေ ခြင်းဖြစ်ရာ အဆိုပါလက်လီဆိုင် များတွင် ဟန်းဆက်ကန့်သတ်မှု များရှိသည်ဟု ပြောကြားထားကြောင်း စုံစမ်းသိရသည်။
‘‘ဆိုင်မှာ ယူရောင်းမလား မေးတယ်၊ စစချင်း ကတ် ၂၀ ချပေးမယ်ပြောတယ်။ ဒါပေမဲ့ သုံးတဲ့အခါကျရင် နှစ်သောင်း၊ သုံးသောင်းတန် ဟန်းဆက်လောက်နဲ့တော့ အဆင်မပြေ လောက်ဘူးပြောတယ်။ လေးငါးခြောက်သောင်းတန် ဟန်းဆက်နည်းနည်းကောင်းမှ သုံးရမယ်လို့ ပြောသွားတယ်’’ဟု သာကေတ မြို့နယ်ရှိ ကွမ်းယာဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။
အူရီးဒူးမြန်မာအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များရောင်းချရာတွင် 3G စနစ်ဖြစ်သောကြောင့် အသုံးပြုမည့် မိုဘိုင်းဟန်းဆက်များမှာ UMTS(Universal Mobile Telecommunica-
tions System) 900 နှင့် 2100 ကို လက်ခံနိုင်စွမ်းရှိသည့် ဟန်းဆက်ဖြစ်မှသာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း အူရီးဒူးမြန်မာ၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေးမန်နေဂျာ ဒေါ်သီရိကြာညိုကပြောသည်။
‘‘တရုတ်ဖုန်းတွေဆိုလည်း အမျိုးမျိုးရှိတယ်။ UMTS 900 နဲ့ 2100 ပြည့်မီတဲ့ ဟန်းဆက်ဆို ဘယ်လောက်တန်ဖြစ်ဖြစ်သုံးလို့ ရတယ်။ အဲဒါမပြည့်မီရင်တော့ လုံးဝသုံးလို့ရမှာမဟုတ်ပါဘူး။ အဲဒီအတွက်လည်း အခုဈေးကွက်ထဲမှာရှိတဲ့ Brand အစုံနဲ့ဆွေးနွေးမှုတွေလုပ်နေပါတယ်’’ဟု ဒေါ်သီရိကြာညိုကပြောသည်။
ဈေးနှုန်းသက်သာသည့် မို ဘိုင်းဟန်းဆက်များနှင့်လည်း တွဲ ဖက်အသုံးပြုနိုင်ရန် စီစဉ်သွား မည်ဖြစ်ရာ လက်ရှိတွင်လည်း Samsung ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်ပြီး မို ဘိုင်းဆင်းမ်ကတ်များရောင်းချမည့် အစီအစဉ်ကို သြဂုတ်လ အတွင်းထုတ်ပြန်ပြီး ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Post a Comment