စတင်ဝန်ဆောင်မှု ပေးချိန်တွင် 2G နှင့် 3G ကွန်ရက်များတွင် အသုံးပြု နိုင်ရန် ဆောင်ရွက်ထားမည်ဖြစ်ပြီး အသုံးပြုသူများအတွက်ဈေးနှုန်းသက် သာသည့် ဟန်းဆက်များဖြင့် အသုံး ပြုနိုင်ရန် 2G ကွန်ရက်ကို ဝန်ဆောင်မှု ပေးထားခြင်းဖြစ်သည် ဟု သိရသည်။
”2G ဟန်းဆက်တွေက ဈေး သက်သာတဲ့အတွက် အလွယ်တကူ ဝယ်ပြီးသုံးနိုင်အောင်နဲ့လက်ရှိအသုံး ပြုနေတဲ့ ဟန်းဆက်တွေနဲ့ပဲသုံးနိုင် အောင် 2G ကို ဝန်ဆောင်မှု ပေးတာ ဖြစ်ပါတယ်။ ဆင်းမ်ကတ်တွေကို ကျပ်၁၅ဝဝနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွေမှာ ဦးစားပေးရောင်း ချပေးသွားမှာဖြစ်ပါတယ်” ဟုတယ်လီ နောမြန်မာ အမှုဆောင်အရာရှိချုပ် Mr. Petter Fuberg ကပြောသည်။
ဖုန်းခေါ်ဆိုမှုအတွက် တယ်လီ နောမှ မည်သည့်အော်ပရေတာကို ခေါ်ဆိုသည်ဖြစ်စေ တစ်မိနစ် ၂၅ ကျပ်ထက် မပိုသည့် ပမာဏကို ကောက်ခံသွားမည်ဖြစ်ကြောင်းလည်း တယ်လီနောမှ သိရသည်။
အင်တာနက်အသုံးပြုရာတွင် 2G ဆိုပါက 150 KB မှ 250 KB အတွင်းမြန်နှုန်းဖြစ်ပြီး 3G ဆိုပါက 7.2 MB မြန်နှုန်းဖြင့် အသုံးပြုနိုင် မည်ဖြစ်ပြီး အင်တာနက်အသုံးပြုခနှင့် ပတ်သက်၍ ဆင်းမ်ကတ် စတင်ချ ထားပေးသည့် စက်တင်ဘာလတွင် ကြော်ငြာမည်ဖြစ်ကြောင်း သိရသည်။
တယ်လီနောအနေဖြင့် မြန်မာ နိုင်ငံတွင် 4G ကွန်ရက်အသုံးပြုနိုင် ရန်အတွက်မူ မြန်မာပြည်သူများ 4G လိုအပ်ချက်ရှိလာမှသာ စတင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
AKH (Myitmakha)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.