Windows Phone 8.1 ကို အသုံးပြုသူတွေ အနေနဲ့ တစ်ခါတစ်ရံမှာကိုယ့်ရဲ့ Windows Phone Operating
System အတွင်းမှာ ထည့်သွင်းထားတဲ့ App တွေများပြားလွန်းလို့ ပြန်လည် ရှင်းထုတ် ချင်တာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ Setting ကိုစက်ရုံက ထုတ်လုပ်တဲ့အတိုင်း Default အနေနဲ့ ထားချင်တဲ့ အခါမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ Windows Phone ကို Factory Reset ပြုလုပ်ပြီးစက်ရုံက ထုတ်လုပ်တဲ့ Settings အတိုင်း အသုံးပြုနိုင် မှာဖြစ်ပါတယ်။
Windows Phone 8.1 ကို Factory Reset ပြုလုပ်ဖို့အတွက် App list အောက်က Settings ထဲကိုသွား ရမှာဖြစ်ပါတယ်။ Settings ထဲကိုရောက်ပြီဆိုရင် About ဆိုတာကို Tap ပြုလုပ်ရမှာဖြစ်ပါတယ်။ About အထဲကမှ Reset Your Phone ဆိုတာကိုနှိပ်ပြီး Yes ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာ သတိ ထားရမှာကတော့ Factory Reset ပြုလုပ်ပြီဆိုရင်တော့ ကိုယ့်ရဲ့အချက်အလက်တွေ ပျက်စီးမှာဖြစ်တဲ့ အတွက် Backup လုပ်သင့်တာများကို လုပ်ပြီးမှပြုလုပ်သင့်ပါတယ်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.