tweak name : status Time +
sources : Bigboss, cydia.myrepospace.com/kyawzinthet
compatible : IOS7+
file size : 22 KBs
အသုံးဝင်ပုံ
IOS , Status Bar တွင် အချိန်ကိုသာပြပါသည်။ day/month/year သိချင်ပါက home screen ရှိ icon ကို ကြည့်ရပါသည်. အလုပ်မရှုပ်ပေမဲ့ အလုပ်တစ်လုပ်ဖြစ်နေပါသည်. မိမိအရေးတကြီးကြည့်လိုသည့်အခါ အချိန်ကြာစေပါသည်..
ယခုနည်းသည် status bar ပေါ်တွင် Time, Day , Month , Year, နှင့် မိမိ ထည့်သွင်းလိုသော စာသားကို ထည့်သွင်း ဖော်ပြပေးပါမည်…
အသုံးပြုနည်း
၁။ cydia မှ Status Time + ကို သွင်းပါ.
၂။ setting >> status time + >> enabled ကို on ပေးပါ.
၃။ setting >> status time + >> Format တွင် မိမိ ထည့်သွင်းလိုသည့် အပိုင်းအလိုက်
အောက်ပါအတိုင်း သေချာစွာရေးသာပါ.
“Time” အချိန်ထည့်သွင်းခြင်း အသေးစိတ်
** နာရီ ပြလိုလျင် hh ကိုရေးပါ။ ( ၁ နာရီ ၊ ၂ နာရီ ပြလိုလျင်)
** မိနစ် ပြလိုလျင် mm ကိုရေးပါ။ ( ၁ မိနစ်၊ ၂ မိနစ် ပြလိုလျှင်)
** စက္ကန့် ပြလိုလျင် ss ကိုရေးပါ။ ( ၁ စက္ကန့်၊ ၂ စက္ကန့် ပြလိုလျင်)
** နေ့/ည ပြလိုလျင် a ကိုရေးပါ။ ( AM/ PM ပြလိုလျင်)
” Day “ နေ့ ထည့်သွင်းခြင်း အသေးစိတ်
** နေ့အမည်ဖြင့် ပြလိုလျင် E ကိုရေးပါ။ ( Mon, Tue, Wed ပြလိုလျှင်)
** ဂဏန်းဖြင့် ပြလိုလျင် dd ကိုရေးပါ။ ( ၁ရက် ၊ ၂ ရက် ပြလိုလျင်)
** နေ့အမည်ဖြင့် ပြလိုလျင် EEEE ကိုရေးပါ။ ( Monday, Friday , Sunday အရှည်ကောက်)
** နေ့အမည်ဖြင့် ပြလိုလျင် EEEEE ကိုရေးပါ။ ( M, T, W, F, S နေ့များအား အတိုကောက်)
” Month “ လ ထည့်သွင်းခြင်း အသေးစိတ်
** ဂဏန်းဖြင့် ပြလိုလျင် MM ကိုရေးပါ။ ( ၁ လ၊ ၂ လ ပြလိုလျင်)
** လအမည်ဖြင့် ပြလိုလျင် MMM ကိုရေးပါ။ ( Sept, Nov, Jan ပြလိုလျှင်)
** လအမည်ဖြင့် ပြလိုလျင် MMMM ကိုရေးပါ။ ( September, October အရှည်ကောက်)
** လအမည်ဖြင့် ပြလိုလျင် MMMM ကိုရေးပါ။ ( S, O, N လ များအား အတိုကောက်)
” Year “ နှစ် ထည့်သွင်းခြင်း အသေးစိတ်
** ဂဏန်းဖြင့် ပြလိုလျင် yy ကိုရေးပါ။ ( 2014 ဆိုလျင် 14၊ 2015 ဆိုလျင် 15 ပြရန်)
** ဂဏန်းဖြင့် ပြလိုလျင် yyyy ကိုရေးပါ။( 2014 ဆိုလျင် 2014၊ 2015 ဆိုလျင် 2015 ပြရန်)
မိမိထည့်သွင်းချင်သော စာသား ထည့်သွင်းခြင်း အသေးစိတ်
*** မိမိထည့်သွင်းချင်သော စာသားကို ပုံတွင်ပြထားသော မျက်တောင်အဖွင့်အပိတ် key ဖြင့် ‘ enter you text ‘ ဖြင့် ထည့်သွင်းပါ။ (ပုံတွင်ကြည်ပါ)
မိမိထည့်သွင်းပြီးသော day, month, year, your text တို့အား တစ်ခုဖြင့် တစ်ခု ခြားနေစေရန်.. အောက်ပါပုံတွင် ပြထားသော key အား အသုံးပြုပါ..
cydia မှ ယူရန် အဆင်မပြေသူများ အောက်ပါလင့်တွင် .deb ဖိုင်ဖြင့် ရယူနိုင်ပါသည်။
http://www.mediafire.com/download/9zvryh9qxnxym0a/statustimeplus_0.0.1-5.deb
.deb ကို မိမိ device သို့ မသွင်းတတ်သေးသော ဘော်ဒါများအတွက်
http://mobilecrazylay.blogspot.com/2014/01/cydia-tweak-computer.html
http://mobilecrazylay.blogspot.com/2014/01/cydia-tweak-computer.html
ဘော်ဒါများအဆင်ပြေပါစေ..
thanks all, KZT (mmug)
Post a Comment