0
ယခင်က iPhone 6 ရဲ့ ကိုယ်ထည်အစိတ်အပိုင်းအချို့ပုံ ၊ ဖုန်း case ပုံစသည်ဖြင့် leak photo များ online ပေါ်သို့ ထွက်ရှိနေရာမှ ယခုအခါ iPhone 6 ရဲ့ ကိုယ်ထည်တစ်ခုလုံးကို iPhone 5S နှင့်နှိုင်းယှဉ်ပြသထားသော ဓာတ်ပုံများထွက်ရှိလာခဲ့သည်။ လတ်တလောထွက်ရှိနေသည့် သတင်းများအတိုင်းပင် ပုံထဲမှာ iPhone 6 သည် Screen size ၄.၇ လက်မရှိပြီး iPhone 5S ဖြင့် အမျိုးမျိုးနှိုင်းယှဉ်ပြသထားသည်။
နှိုင်းယှဉ်ပြထားသော ပုံများအရ iPhone 6 သည် iPhone 5S ထက်ပိုပါးလွှာပြီး ဘေးအနားသတ်များမှာလည်း iPhone 5S ထက်ပိုမိုလုံးဝန်းသောအနေအထားရှိသည်။ Power Button မှာလည်း ဘေးဘက်တွင် ဖြစ်သွားပြီး ခလုတ်ဒီဇိုင်းနေရာအနေအထားများလည်းပြောင်းလဲထားသည်ကိုတွေ့ရသည်။
iPhone 5S အထိ Power Button သည် အပေါ်ဘက်ခြမ်းတွင်သာရှိခဲ့သည်။
ဖုန်းရဲ့ အောက်ဘက်ခြမ်းဒီဇိုင်းမှာလည်း သိသိသာသာပြောင်းလဲသွားပြီး စပီကာ နှင့် မိုက် နေရာတို့တွင် ပုံစံအနည်းငယ်ပြောင်းလဲလာသည်။
Apple သည် ယခုနှစ်တွင် iPhone 6 အား Screen size ၄.၇ လက်မ နှင့် ၅.၂ စသော Screen size ၂ မျိုးဖြင့်ထုတ်လုပ်သွားမည်ဟု သတင်းကျယ်ကျယ်ပြန့်ပြန့်ထွက်ရှိနေပြီး  4.7 လက်မအရွယ် iPhone 6 က အရင်ထွက်ရှိလာမည်ဟု iPhone တပ်ဆင်ထုတ်လုပ်ရေးစက်ရုံများမှထွက်ရှိလာသော သတင်းများအရသိရသည်။

Post a Comment

 
Top