Bandwidth တိုးချဲ့မည့်အပိုင်းတွင် လုပ်ဆောင်မည့်ပမာဏကို အဆင့် လိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်ပြိုင်နက် တည်းဆောင် ရွက်သွားမည်မဟုတ် ကြောင်း ၎င်းက ဆက်လက်ပြောသည်။
”ရနိုင်သလောက်တော့ တိုးချဲ့သွားမှာပါ။ Bandwidth တိုးမယ့်အပိုင်းမှာ လည်း လက်ရှိဆက်သွယ်ရေး အော်ပရေတာတွေ တိုးချဲ့ယူတာမျိုးမဟုတ် ဘဲ မြန်မာ့ဆက်သွယ် ရေးသီးသန့်အနေနဲ့ တိုးချဲ့မှာပါ”ဟု ၎င်းက ဆက်ပြောသည်။
တိုးချဲ့မည့်ပမာဏကို လက်ရှိအဓိကချိတ်ဆက်ထားသည့် SEA-ME-WE 3 အပြင် ကုန်းတွင်းဆက်ကြောင်းများ၊ အခြားဆက်ကြောင်းများမှ ယူဆောင်သွား မည်ဖြစ်ပြီး ဆက်ကြောင်းသစ်များကိုအကောင် အထည် ဖော်ဆောင်ရွက်ကာ တိုးချဲ့ဆောင်ရွက်မှုများပြီးမြောက်ပါက ထုတ်ပြန်ကြေညာပေးမည်ဟု သိရသည်။
မြန်မာနိုင်ငံ၏ လက်ရှိအင်တာနက် Bandwidth ပမာဏမှာ ၂၇.၃၆ ဝန်းကျင်ရှိပြီး ကျင်းပပြီးစီးခဲ့သည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းအပြီးတွင် အဆိုပါပမာဏ ကို တိုးချဲ့ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာ့ဆက်
သွယ်ရေး လုပ်ငန်းအနေဖြင့် အင်တာနက်စနစ်အတွက် ဖိုင်ဘာဆက်ကြောင်း SEA-ME-WE 3 အပြင် စင်ကာပူမှ အဓိကထားလုပ် ဆောင်မည့် ဖိုင်ဘာဆက်ကြောင်းသစ် SEA-ME-WE 5 ဆက်ကြောင်းကို နိုင်ငံပေါင်း ၁၈ နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီထားသည်ဟု ဆက်သွယ်ရေးမှ သိရသည်။
အောင်ဇော်
ref:Popular Myanmar News Journal
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.