နောက်ဆုံးပို့စ်များ

0
Samsung Galaxy Alpha ၏ ဓာတ်ပုံနှင့် အချက်အလက်များ ထွက်ပေါ်လာ
===========
Samsung စမတ်ဖုန်းသစ်နှင့် ပတ်သက်၍ ကောလာဟလ သတင်းများ အပြိုင်အဆိုင် ထွက်ပေါ်လာချိန်တွင် အဆိုပါ စမတ်ဖုန်းသစ်၏ အမည်သစ်၊ ဓာတ်ပုံများနှင့် အချက်အလက်များ ပေါက်ကြား ထွက်ပေါ်လာခဲ့သည်။


Inquirer ၏ ဖော်ပြချက်အရ ယူကေရှိ စမတ်ဖုန်း လက်လီအရောင်းဆိုင် Mobilefun သည် Samsung Galaxy Alpha ဟုခေါ်သော ထုတ်ကုန်အသစ်အတွက် ကြိုတင်မှာယူမှုများ လက်ခံနေကြောင်း၊ အဖြူရောင်၊ အနက်ရောင်ဖြင့် ရရှိနိုင်မည့် 32GB unlocked ဖုန်းကို စတာလင်ပေါင် ၅၄၉ ဖြင့် ကြိုတင်မှာယူနိုင်ကြောင်း သိရသည်။


သို့ရာတွင် ဖြန့်ချိမည့် နေ့ကို ဖော်ပြထားခြင်း မရှိသော်လည်း ၎င်းဟန်းဆက်တွင် Samsung ၏ Octa-core Exynos 5 processor, Google Android 4.4.2 KitKat operating system, 12-megapixels camera နှင့် လက်ဗွေဖတ်စနစ်တို့ ပါဝင်ကြောင်း Mobilefun က ပြောကြားခဲ့သည်။
ထို့အပြင် Galaxy Alpha တွင် ၄.၇ လက်မ Super AMOLED display (1280x720 pixels) ပါဝင်ပြီး 4G ဆက်သွယ်မှုအပြင် Wi-Fi, Bluetooth 4.0, EDR, LE, Micro USB, GPS တို့ပါဝင်ကြောင်း သိရသည်။
အဆိုပါ Samsung Galaxy Alpha ကို သြဂုတ်လ ၁၃ ရက်တွင် တရားဝင် ကြေညာဖွယ်ရှိသည်။

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top