
PC, Internet, Phone စတဲ့ အိုင်တီနဲ့ ပတ်သက်တာမှန်သမျှ ကျနော်တို့ မြန်မာစာနဲ့ ထွက်လာတယ်ဆို တာ တော်တော်လေးကို ရှာပါသေးတယ်။ နိုင်ငံတိုင်း လူမျိုးတိုင်း ကိုယ့်ဘာသာ ကိုယ့်စာပေနဲ့ အရာရာ တိုင်းကို ရှိနေချင်ကြတာ သဘာဝပါပဲ။ ကမ္ဘာမှာ ဘယ်ဘာသာစကားကို အဓိကသုံးစွဲရမယ်လို့ သတ်မှတ် ချက် မရှိပေမယ့် အင်အားကြီးတဲ့ ဘာသာစကားကို သုံးနေကြတာ အထင်အရှားပါ။ ကျနော်လဲ လူထဲက လူတစ်ယောက်မို့ ကျနော်တို့မြန်မာစာ မြန်မာစကားကို နေရာတိုင်းမှာ ရှိနေစေချင်တဲ့ ဆန္ဒရှိနေပါတယ်။ အဲဒါကြောင့် ဖုံးအလကားခေါ်ဆိုလို့ လွယ်ကူတဲ့ စမတ်ဖုံးများမှာ အသုံးပြုနေတဲ့ Viber Application ကို မြန်မာမှု ပြုလိုက်ပါတယ်။ အကောင်းကြီးတော့ မဟုတ်ပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ထားပါတယ်။
အင်္ဂလိပ်အက္ခရာများနဲ့ ရင်းနှီးနေပြီးသား သူများအတွက်
ကြည့်ရတာ မျက်စိ နောက်ကောင်း နောက်ပေမဲ့ မြန်မာလူမျိုးများအတွက်
သင့်တော်မယ်ထင်လို့ မြန်မာဗားရှင်းလေးကို လုပ်ဖြစ်သွားတာပါ။ အနှောက်
ယှက်ဖြစ်ရင်တော့ တောင်းပန်ပါတယ်။ တစ်ချို့ကို Language Data အခက်အခဲကြောင့်
မြန်မာလို မပြန် ဘဲ ဒီတိုင်းထားခဲ့ရပါတယ်။ အဒီအတွက်လဲ ထပ်ပြီး
တောင်းပန်ပါရစေ နောက်ထွက်မည့် ဗားရှင်းအသစ် တွေမှာ ကောင်းသထက်ကောင်းအောင်
ကျိုးစားပါ့မယ်။ အခုထွက်လာတဲ့ Viber မြန်မာဗားရှင်းက နောက်ဆုံးထွက်
ဗားရှင်းဖြစ်ပြီး iPhone Jailbreak လုပ်ပြီးသား မြန်မာဖောင့် ရှိမှသာ
အသုံးပြုနိုင်မှာဖြစ် ပါတယ်။
Viber မြန်မာဗားရှင်း ဖြစ်ပေါ်လာအောင် အကူညီပေးခဲ့တဲ့ အကို ကိုဧချမ်း (US) ဒီနေရာကနေ အထူးပဲ ကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ….။
pCloud
Mediafire
Ziddu
Post a Comment