Facebook နဲ့အခြား website အချို့ ကိုပိတ်ခံထားရတဲ့နေရာတွေကနေ ဖုန်းနဲ့
Facebook သုံးချင်သူတွေအတွက် ဆော့ဝဲကောင်းလေးတစ်ခုပါ။ Hotspot Shield VPN
လို့ခေါ်တဲ့ဆော့ဝဲကိုဖုန်းမှာအသုံးပြု ခြင်းဖြင့်လည်းဝင်ရောက်နိုင်ပါတယ်။ အရင်ဆုံး HotSpot Shield VPN ဆော့ဝဲကိုဖုန်းမှာသွင်းထားပါ။
iPhone တွေမှာဆိုရင်တော့ ဒီဆော့ဝဲသွင်းလိုက်တာနဲ့ VPN ကိုတစ်ခါတည်းသွင်းခိုင်းပါလိမ့်မယ်။ သွင်းလိုက်ပါ။ ပြီးရင် အခုသွင်းခဲ့တဲ့ HotSpot Shield app ထဲကနေ Country ဆိုတဲ့နေရာမှာ United States ကိုထားပါ။ ပြီးရင် ဖုန်းရဲ့Setting ထဲမှာ VPN ဆိုတဲ့ icon အပြာလေးကို On ပေးလိုက်ရုံပါပဲ။ ပြီးရင် facebook ဆော့ဝဲတို့ အခြားကြည့်ချင်တဲ့ website တို့ကိုပုံမှန်အတိုင်းဖွင့်သုံးနိုင်ပါပြီ။ Hotspot Shield: VPN Proxy WiFi for iPhone ကိုအောက်က link မှာရယူနိုင်ပါတယ်။
Download Links
Hotspot Shield VPN for iOS
Post a Comment