၎င်းသည် developer များက Unix သို့မဟုတ် Lunix မှ Windows အခြေခံ စနစ်များသို့ application များကို ပြောင်းရွှေ့ခြင်းနှင့် Windows platform ပေါ်တွင် ၎င်းတို့၏ application များကို အလွယ်တကူ အထောက်အပံ့ပေးနိုင်ရန် ကူညီပေးသည်။ Cygwin တွင် dynamic link library (DLL) တစ်ခုနှင့် tools collection တစ်ခု ပါဝင်သည်။ DLL သည် Linux emulator တစ်ခုကဲ့သို့ လုပ်ဆောင်နိုင်ပြီး ၎င်း tool သည် Linux ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးနိုင်သည်။
Cygwin ကို အသုံးပြုခြင်းဖြင့် developer များသည် Windows platform ပေါ်တွင် အသုံးပြုနိုင်သည့် application များအတွက် အထောက်အပံ့များကို အဝေးမှ အလွယ်တကူ ထောက်ပံ့ပေးနိုင်သည်။ Administrator များသည် Unix နှင့် Linux အတွက် management script များကို ထောက်ပံ့ပေးနိုင်သောကြောင့် များပြားလှသည့် administrative tool အစုအဝေးတစ်ခု ဖြစ်လာရန် အထောက်အကူ ဖြစ်စေသည်။ Cygwin သည် အဆိုပါ script များကို Windows အသုံးပြု ကွန်ပျူတာများပေါ်တွင် အသုံးပြုနိုင်သည်။ Administrator တစ်ဦးသည် Windows အခြေခံ ကွန်ပျူတာတစ်လုံးတွင် log in ပြုလုပ်နိုင်ပြီး Unix သို့မဟုတ် Linux shell တစ်ခုအတွင်းရှိ ပြဿနာများကို ဖြေရှင်းနိုင်သည်။ ထို့အပြင် Windows command line interface tool ကို shell script တွင်းသို့ ပေါင်းစပ်ထည့်သွင်းနိုင်စေသည်။
Cygwin ဆိုသည်အမည်ကို Cygnus နှင့် Windows ကို ပေါင်းစပ်ကာ ဖန်တီးထားခြင်း ဖြစ်သည်။
Post a Comment