Vertu ဗြိတိန် ဖုန်းထုတ်လုပ်ရေး ကုမ္ပဏီ က ဖန်တီးထားတဲ့ ဖုန်း Signature ရဲ့ ဖုန်းဈေးကြီးပုံကတော့ အရင်က သင့်စီးနေတဲ့ ကားထက်တောင် ဈေးကြီးနေပါမယ်။ အခုတော့ Touch မျက်နှာပြင်နဲ့ဖုန်းကို ထုတ်လိုက်ပါပြီး။ ထိုဖုန်းရဲ့ တန်ဖိုးက ရိုးရိုး မော်ဒယ်လ်ကိုတောင် ဒေါ်လာ 11,300 လောက်သွားတာဖြစ်ပါတယ်။
Handmade လက်လုပ်ဖုန်းဖြစ်ပြီး လူတစ်ယောက်ထဲက ကိုယ်တွယ် တပ်ဆင်ထားတာဖြစ်ပါတယ်။ ကောင်းမွန်လှတဲ့ အသံတုန်ပြန်မူဆိုင်ရာ သိပ္ပံနည်းပညာ ပညာရပ်များတွေပါဝင်ထားပြီး အထင်ကြီးစရာ အော်ဒီယို ပတ်ဝန်းကျင် အသံ ပျံ့နှံ့မူ စနစ်များကို အသားပေးလို့ ထည့်သွင်းပြုလုပ်ထားတာ ဖြစ်ပါတယ်။
ထူးခြားသောပုံရိပ်များအတွက် ဆွီဒင်နိင်ငံရဲ့ အသိအမှတ်ပြု certified ကင်မရာဖြင့် 1/3-inch BSI CMOS sensor ကို 13MP တွင် ရရှိမှာ ဖြစ်ပါတယ်။ အရှေ့ကင်မရာက 2.1 MP ပါ။
ကြက်သေသေစွာဖြင့် ရင်သပ်ရူမော်ဖွယ် ဖြစ်စေမည့် ရုပ်ထွက်များအတွက် 4.7 လက်မရှိ Full HD Screen မျက်နှာပြင်မှာ ကောင်းမွန်ကြည်လင်စွာ ခံစားရမှာဖြစ်ပါတယ်။ Android ကလည်း နောက်ဆုံးထွက် 4.4 ကိုသုံးထားပါတယ်။ CPU လည်း Qualcomm Snapdragon 800 SoC, quad-core ဖြင့် မဆိုးလှပါပဲ။
နီလာရောင် ခရစ်စတယ် မျက်နှာပြင် Screen ဖြင့် ခြစ်ရာ၊ ပွန်းရာများ အသေချာ ခံမူ ကမ္ဘာ့လုံးဆိုင်ရာ ချိတ်ဆက် သွယ်တန်းမူများ၊ ခိုင်မာသော အမြင့်စား တိုင်တေနီယမ် သတ္တုဖြင့် အလေးချိန်ပေါ့ပါး ပါးလွှားခြင်း တို့ဖြင့် ခံညားလှတဲ့ ဗြိတိန် ထုတ်ဇိမ်ခံ စမတ်ဖုန်းပင် ဖြစ်ပါတော့တယ်။

Post a Comment