0
ပုံမှာပြထားသလို ပုံမှန်အားဖြင့် ဖိုတိုရှော့ ရဲ့ သိမ်းဆည်းဖိုင်ဖြစ်တဲ့ image.psd ဖိုင်တွေဟာ default အိုင်ကွန်ကြီးနဲ့ပဲမြင်ရပါတယ်.... ကိုယ်လိုချင်တဲ့ ဖိုင်ကိုရှာရတာ အချိန်ကြာပါတယ်...အဲဒီတော့ အဲဒီ psd ဖိုင်တွေကို သက်ဆိုင်ရာ image လေးတွေပေါ်အောင် Thumbnails ဖြစ်အောင်ပြုလုပ်နိုင်တဲ့ Tool တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ Sage Thumbs လို့အမည်ရပါတယ်။
 ဆော့ဝဲကိုတော့ အောက်ဆုံးကပေးးထားတဲ့ လင့်မှာဒေါင်းလုပ်ဆွဲလိုက်ပါ။ ပြီးရင် install လုပ်ပါ။ Run ပါ။ဒါဆိုအောက်ကအတိုင်းမြင်တွေ့ရပါမယ်။အဲဒီမှာမျှားပြထားတဲ့နေရာ Prefer image file embedded thumbnails နေရာမှာ Check ဘောက်ကို active လုပ်ပေးပါ။ Maximum size of image မှာ 200 ထားလိုက်ပါ။ဒါကတော့ မိမိစိတ်ကြိုက်ဆိုဒ်ထားနိုင်ပါတယ်။

ပြီးရင် Optimize ကိုနှိပ်ပေးပြီး အိုကေလိုက်ပါ။ ဒါဆိုရင် အောက်ကပုံလိုမျိုး  PSD ဖိုင်တွေ ဟာ Thumbnails အသွင်နဲ့ပေါ်လာမှာဖြစ်ပါတယ်။ခင်ဗျာ
ကျွန်တော့ Trick ကလေးက တစ်စုံတစ်ယောက်ကို အကျိုးပြုခဲ့မယ်ဆိုရင် နောင်ဘ၀မှာ ကိုယ်သိချင်တာရှိတိုင်း အလွယ်တကူဖြေပေးမယ့်သူရှိတဲ့ ပတ်ဝန်းကျင်မှာ လူဖြစ်ခွင့်ရပါစေသား..

DOWNLOAD HERE-solidfiles

Post a Comment

 
Top