0



ပြည်တွင်းဈေးကွက်မှာ လူကြိုက်များတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Vivo ရဲ့ X-play စီးရီး ဖုန်းမော်ဒယ် အသစ် X 520 L ကို တာမွေအဝိုင်းထိပ်နားက Mobile King ဖုန်းဆိုင်မှာ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ မျက်နှာပြင်အကျယ် ၅.၇ လက်မ အရွယ်နဲ့ဖြစ်ပြီး Android 4.3 ကို အသုံးပြုထားပါတယ်။ စက်လည်ပတ်မှု အတွက် Quad Core 2.3 GHz နဲ့ ဖြစ်ပါတယ်။ RAM 2GB နဲ့ Internal Memory 32 GB ပါဝင်ပါတယ်။ ကင်မရာစနစ် ကောင်းမွန်ပြီး နောက်ကင်မရာက 13 Megapixel နဲ့ ရှေ့ကင်မရာက 5 Megapixel ရှိပါ တယ်။ 
 
ရုပ်ထွက်အရည်အသွေး ကောင်းမွန်ပြီး HD Quality နဲ့ ရရှိနိုင်ပါတယ်။ ဂိမ်း၊ အင်တာနက်ကြာရှည် သုံးနိုင်အောင် အမ်ပီယာ တောင့်တင်းတဲ့ ဓာတ်ခဲအသုံးပြုထားပါတယ်။ Special Function အဖြစ် Soft motion နဲ့ Air wave system တို့လည်း အပြီးပါဝင်ပြီး ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ မြန်မာစာစနစ် အသင့်ပါဝင်ပြီးဖြစ်ပါတယ်။ အာမခံနဲ့ ရောင်းချပေးတဲ့အပြင် Game, Software, Application, Wallpaper တွေ ကိုလည်း အခမဲ့ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ ဈေးနှုန်းမှာ ကျပ် ငါးသိန်းလေးသောင်း ဝန်းကျင်ရှိပြီး ဖုန်း ၅၄၂၀၂၀ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။

Post a Comment

 
Top