0

 
အင်တာနက်ကို တည်ထောင်သူပြောတဲ့ သူ့ဘဝရဲ့ တစ်စိတ်တစ်ဒေသ

လက်ရှိ အသုံးပြုနေသော အင်တာနက်ကို တည်ထောင်သူ ဘယ်သူလည်း ဆိုတာနှင့် ၎င်း၏ ကိုယ်ရေးရာဇဝင် တစ်ချို့ကို ဗဟုသုတ အနေဖြင့် ရေးသားပေး လိုက်ရပါတယ်။

အင်တာနက်ကို တည်ထောင်သူ၏ နာမည်ကတော့ Tim Berners Lee ဖြစ်ပါတယ်။ ၁၉၅၅ ခုနှစ် London မှာ မွေးဖွားခဲတယ်လို့ သိရပါတယ်။ သူဟာ ငယ်စဉ်ကတည်းက အီလက်ထရောနစ် ပညာကို စိတ်ပါဝင်စားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ်တွင် Physics မေဂျာဖြင့် Oxford တက္ကသိုလ်မှ ဖွဲ့ရရှိခဲ့ပါတယ်။

ဒါ့အပြင် သူသည် တီထွင်မှုကို စိတ်ဝင်စားသော သူတစ်ယောက် ဖြစ်ပါတယ်။ ပထမဦးစွာ သူသုံးဖို့အတွက် ကွန်ပျူတာကို သူ့ဘာသာ တီထွင်ပြီး အသုံးပြုတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် တီဗီများကိုလည်း တီထွင်ဖန်တီး ခဲ့ပါတယ်။

အစောပိုင်းကာလတွင် သူသည် နည်းပညာ ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။ ထို့နောက် ဆော့ဝဲများကို စတင်ရေး ခဲ့ပါတယ်။ ၁၉၈၀ အင်တာနက်နဲ့ ပက်သက်သော ဆော့ဝဲများကို ရေးခဲ့သော်လည်း အောင်မြင် မှု မရရှိခဲ့ပါဘူး။ သို့သော် နောက်ပိုင်းမှ Enquire ဆိုပြီး ကမ္ဘာတစ်ဝန် ပျံ့နှံ့သွား ခဲ့ပါတယ်။ ဒါကြောင့် သူ၏ ရည်မှန်းချက် အောင်မြင်ခဲ့ပါတယ်။

ပထမဦးပိုင်းမှာ Enquire လို့သာ အမည်တွင်ခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အကြီးဆုံး ဝက်ဘ်ဆိုက်ကြီးလို့လည်း ခေါ်ဝေါ်ကြပါတယ်။ ဒီလိုနဲ့တစ်ဖြည်းဖြည်း ပြန့်ကျဲလာကာ ထိထိရောက်ရောက်လည်း အသုံးပြုလာနိုင်ပါတယ်။ ၁၉၉၁ ခုနှစ်နောက်ပိုင်းမှာတော့ အင်တာနက်ဆိုပြီး ကမ္ဘာတစ်ဝန်း ကျယ်ပြန့်လာခဲ့ပါတယ်။

Post a Comment

 
Top