ကြားရတဲ့ 5G ဆိုတဲ့ နာမည်လေးက နားဝင်ချိုစရာပါ။ ကျတော်တို့ နိင်ငံမှာ အခြားနိင်ငံက လာဖွင့်တဲ့ ကုမ္ပဏီ... ။ နာမည်မပြောတော့ပါဘူး။ သူတို့တောင် 3G ရပြီ။ လို့ပြောနေချိန်မှာပေါ့ ။ တောင်ကိုရီးယားနဲ့
ဂျပန်တို့က အငြိမ့်စား 4G နဲ့ ကောင်းနေချိန်မှာ အမြဲတမ်းသူများအားကျစရာကောင်းအောင်
တီထွင်နေတတ်တဲ့ ဂျပန် တယ်လီကွန်မြူနစ်ကေရှင် ကုမ္ပဏီ DoCO MO က 5G ကို မေလ (၈) ရက်နေ့မှာ ဆမ်ဆောင်း၊နိုကီယာတို့နဲ့အတူ၊ အခြား ဆိုနီ၊ Alcatel တို့အပါအ၀င် အုပ်စုတစ်ခုနဲ့ အတူတကွ စမ်းသပ်ခဲ့ကြပါတယ်။ ကိုရီးယားမှာလည်း ဆမ်ဆောင်းက 1Gbps ဒေါင်းလုပ်ခ် အမြန်နှုန်းရှိတဲ့ ဟတ်ဝဲလ်ကို စမ်းသပ်ခဲ့ပါတယ်။ ဂျပန်မှာက Indoor ထဲမှာပဲ စမ်းသပ်ခဲ့ကာ outdoor ကိုတော့ နောက်နှစ်နှစ်မှာ စမ်းမယ်လို့ သိရပြီး DoCoMO အနေနဲ့ 5G စံနှုန်းကို လာမည့် ၂၀၁၆ခုနှစ်တွင် ရရှိဖို့မျှော်လင့်နေကြောင်း သိရပါတယ်။

Post a Comment